Personal License သည် မိမိကိုယ်ပိုင် သီးသန့်အသုံးပြုမှုများအပြင် Freelance Designer များအနေဖြင့် သင့်တင့်သော ဈေးနှုန်းဖြင့် မိမိတို့ လက်ခံရရှိသည့် Client ပရောဂျက်များ (အသေးစားနှင့် အလတ်စား စီးပွားဖြစ် လုပ်ငန်းများ) အတွက် အသုံးပြုနိုင်သော လိုင်စင်ဖြစ်ပါသည်။
ဤလိုင်စင်တွင် အသုံးပြုနိုင်သည်များ
School projects & Learning
ကျောင်းသင်ခန်းစာ တင်ပြချက်များ၊ လေ့လာမှုများနှင့် ဒီဇိုင်းစမ်းသပ်ရေးဆွဲခြင်းများတွင် အသုံးပြုနိုင်သည်။
Personal Crafts & Gifts
မိသားစု၊ သူငယ်ချင်းများအတွက် ဆုတောင်းကတ်များ၊ ဖိတ်စာများနှင့် အမှတ်တရလက်ဆောင်များ ဒီဇိုင်းဆွဲနိုင်သည်။ Non-profit အများပြည်သူအကျိုးပြု လုပ်ငန်းများတွင် သုံးနိုင်သည်။
Client Social Media
Client များ၏ Social Media Post ဒီဇိုင်းများ၊ Cover Photo များ၊ Profile ပုံများနှင့် Story/Reels Template များတွင် အသုံးပြုနိုင်သည်။
Logos for SMEs
အွန်လိုင်းရှော့ပ်များ၊ Local Business များနှင့် SMEs လုပ်ငန်းငယ်များအတွက် Logo နှင့် Wordmark ဒီဇိုင်းများ ဖန်တီးပေးနိုင်သည်။
Flyers, Posters & Stationery
ကြော်ငြာပိုစတာများ၊ Flyer ဒီဇိုင်းများ၊ လုပ်ငန်းသုံး လိပ်စာကတ်၊ စာအိတ် နှင့် Letterheads များတွင် အသုံးပြုနိုင်သည်။
Videos & Motion Graphics
YouTube၊ Facebook ဗီဒီယို Content များနှင့် ထုတ်ကုန်မိတ်ဆက် ကြော်ငြာဗီဒီယို စာတန်းများတွင် အသုံးပြုနိုင်သည်။
⚠️ သတိပြုရန် - ဤလိုင်စင်သည် ကော်ပိုရိတ်လုပ်ငန်းကြီးများ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုမည့် အကြီးစား Brand Identity များ (ဥပမာ - လမ်းဘေး Billboards ကြီးများ၊ ကုန်ပစ္စည်း Packaging အကြီးစားများ) အတွက် အကျုံးမဝင်ပါ။ ထိုကဲ့သို့ လုပ်ငန်းကြီးများအတွက် Commercial License ဝယ်ယူရန် လိုအပ်ပါသည်။
Commercial License သည် ကုမ္ပဏီကြီးများ၊ အဆင့်မြင့်အမှတ်တံဆိပ် (Enterprise / Corporate) များ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုမည့် အကြီးစား လုပ်ငန်းသုံး Branding များနှင့် ကြော်ငြာလုပ်ငန်းများအတွက် အကန့်သတ်မရှိ အသုံးပြုနိုင်ပါသည်။
ဤလိုင်စင်တွင် အသုံးပြုနိုင်သည်များ
Corporate Brand Identity
ကုမ္ပဏီကြီးများ၏ မီဒီယာချန်နယ်များနှင့် ကြော်ငြာကဏ္ဍအားလုံးမှာ စည်းစနစ်ကျပြီး ခိုင်မာတဲ့ Brand Identity တစ်ခုဖြစ်ဖို့ စိတ်ချလက်ချ အသုံးပြုနိုင်သည်။
Signage & Billboards
အဆောက်အအုံတွင်း ဆိုင်းဘုတ်များနှင့် လမ်းမကြီးများပေါ်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာ Outdoor Billboard ကြော်ငြာဘုတ်ကြီးများတွင် သုံးနိုင်သည်။
Product Packaging
ဈေးကွက်အတွင်း အမြောက်အမြား ဖြန့်ချိမည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၏ Packaging ဘူးခွံများနှင့် တံဆိပ်ကပ်နှိပ်မှုများတွင် အသုံးပြုနိုင်သည်။
Merchandise & Commercial Videos
တီရှပ်၊ အမှတ်တရပစ္စည်းများပေါ်တွင် ရိုက်နှိပ်ရောင်းချမည့် ကုန်ထုတ်လုပ်မှု ဒီဇိုင်းများ၊ TV Commercials နှင့် Cinema Ads များတွင် အသုံးပြုနိုင်သည်။
PDFs, Reports & All Freelance Cases
Company Profile များ၊ Annual Reports များနှင့် Personal License တွင် ခွင့်ပြုထားသော လုပ်ပိုင်ခွင့်များအားလုံးကို လုပ်ငန်းပမာဏ ကန့်သတ်ချက်မရှိဘဲ အပြည့်အဝ အသုံးပြုနိုင်သည်။
⚠️ သတိပြုရန် - ဤ Commercial License သည် မိမိဝယ်ယူထားသော လုပ်ငန်း (၁)ခု အတွက်သာ အသုံးပြုခွင့်ရှိမည်ဖြစ်ပါသည်။ မိမိတို့၏ လုပ်ငန်းခွဲများ၊ Company ခွဲများအတွက် အကျုံးမဝင်ပါ။
Digital Embedding License သည် Font ဖိုင်ကို ဝက်ဘ်ဆိုက်များ၊ မိုဘိုင်းအက်ပလီကေးရှင်းများနှင့် ဂိမ်းများ၏ ဆော့ဖ်ဝဲလ်ကုဒ် (Software Code) အတွင်းသို့ တိုက်ရိုက်ထည့်သွင်းမြှုပ်နှံ၍ Dynamic Text အနေဖြင့် ပြသအသုံးပြုမည့် လုပ်ငန်းများအတွက် ရည်ရွယ်ပါသည်။
ဤလိုင်စင်တွင် အသုံးပြုနိုင်သည်များ
Websites (@font-face)
ဝဘ်ဆိုက်များတွင် Web Font (@font-face) အဖြစ် ကုဒ်အတွင်း ထည့်သွင်းကာ စာပိုဒ်များနှင့် ခေါင်းစဉ်များကို စာသား (Text Format) အတိုင်း ဖတ်ရှုနိုင်ရန် ပြသခြင်း။
Mobile Apps (Android & iOS)
Android / iOS မိုဘိုင်းအက်ပလီကေးရှင်း (Mobile Apps) များ၏ Application Package ဖိုင်အတွင်း ထည့်သွင်းမြှုပ်နှံ၍ အသုံးပြုခြင်း။
Games (PC, Mobile & Web)
PC, Mobile သို့မဟုတ် Web Game များ၏ Application ကုဒ်အတွင်း Font ဖိုင်ကို ထည့်သွင်းတည်ဆောက် (Build) ခြင်း။
⚠️ သတိပြုရန် - ဤ Digital Embedding License သည် လုပ်ငန်း (၁)ခု အတွက်သာ အသုံးပြုခွင့်ရှိပြီး သတ်မှတ်ထားသော domain name တစ်ခုတည်းတွင်သာ ထည့်သွင်းအသုံးပြုခွင့် ရှိမည်ဖြစ်ပါသည်။ အသုံးပြုသူ (End-user) က ၎င်း Font ကို သုံးပြီး စာသားများ ကိုယ်တိုင်ရိုက်နှိပ် ပြင်ဆင်နိုင်သော စနစ်မျိုး (ဥပမာ - Photo Editor App, Canva ကဲ့သို့သော Tool များ) တွင် ထည့်သွင်းဖြန့်ချိခြင်းကို လုံးဝ ခွင့်မပြုပါ။
စာအုပ် ထုတ်ဝေခြင်းလိုင်စင်သည် မည်သည့်စာအုပ်ထုတ်ဝေခြင်းတွင်မဆို အသုံးပြုနိုင်ပါသည်။
ဤလိုင်စင်တွင် အသုံးပြုနိုင်သည်များ
Books, Magazines & Editorial
ဖောင့်ကိုအသုံးပြုသော စာအုပ်ထုတ်ဝေသူများအတွက်သာမက မည်သည့်မီဒီယာတွင်မဆို ဖောင့်ကိုအသုံးပြု၍ ဤစာအုပ်များကို အရောင်းမြှင့်တင်ရန်အတွက်ပါ အသုံးပြုနိုင်ပါသည်။ စာအုပ် သို့မဟုတ် Magazine တစ်အုပ်လုံးတွင် ရှိသောစာများအား ဖတ်ရှုရန်အတွက် Body Text အဖြစ် ဖော်ပြထားခြင်းကို ဆိုလိုပါသည်။
⚠️ သတိပြုရန် - Magazine များတွင် Title အနေနှင့် ဖော်ပြသော စာလုံးများ၊ မျက်နှာဖုံး Title စာလုံးများ၊ Flyer သို့မဟုတ် Brochure ကဲ့သို့သော Printing များအတွက် Book Publishing License ဝယ်ယူရန်မလိုအပ်ပါ။ သက်ဆိုင်ရာ Personal သို့မဟုတ် Commercial License ကိုသာ ဝယ်ယူရန် လိုအပ်ပါသည်။