Personal (For Personal & Freelance Use)

Personal License သည် မိမိကိုယ်ပိုင် သီးသန့်အသုံးပြုမှုများအပြင် Freelance Designer များအနေဖြင့် သင့်တင့်သော ဈေးနှုန်းဖြင့် မိမိတို့ လက်ခံရရှိသည့် Client ပရောဂျက်များ (အသေးစားနှင့် အလတ်စား စီးပွားဖြစ် လုပ်ငန်းများ) အတွက် အသုံးပြုနိုင်သော လိုင်စင်ဖြစ်ပါသည်။

ဤလိုင်စင်တွင် အသုံးပြုနိုင်သည်များ
School projects & Learning ကျောင်းသင်ခန်းစာ တင်ပြချက်များ၊ လေ့လာမှုများနှင့် ဒီဇိုင်းစမ်းသပ်ရေးဆွဲခြင်းများတွင် အသုံးပြုနိုင်သည်။
Personal Crafts & Gifts မိသားစု၊ သူငယ်ချင်းများအတွက် ဆုတောင်းကတ်များ၊ ဖိတ်စာများနှင့် အမှတ်တရလက်ဆောင်များ ဒီဇိုင်းဆွဲနိုင်သည်။ Non-profit အများပြည်သူအကျိုးပြု လုပ်ငန်းများတွင် သုံးနိုင်သည်။
Client Social Media Client များ၏ Social Media Post ဒီဇိုင်းများ။ Cover Photo များ၊ Profile ပုံများနှင့် Story/Reels အတွက် Template ဒီဇိုင်းများတွင် အသုံးပြုနိုင်သည်။
Logos for SMEs အွန်လိုင်းရှော့ပ်များ၊ Local Business များနှင့် SMEs လုပ်ငန်းငယ်လေးများအတွက် Logo နှင့် Wordmark ဒီဇိုင်းများ ဖန်တီးပေးနိုင်ပါသည်။
Flyers, Posters & Stationery ပရိုမိုးရှင်းနှင့် အထူးအစီအစဉ်များအတွက် ကြော်ငြာပိုစတာများ၊ Flyer ဒီဇိုင်းများ၊ လုပ်ငန်းသုံး လိပ်စာကတ်၊ စာအိတ် နှင့် Letterheads များတွင် အသုံးပြုနိုင်သည်။
Videos & Motion Graphics YouTube၊ Facebook ဗီဒီယို Content များနှင့် Client များ၏ ထုတ်ကုန်မိတ်ဆက် ကြော်ငြာဗီဒီယို စာတန်းများတွင် အသုံးပြုနိုင်သည်။
⚠️ သတိပြုရန် - ဤလိုင်စင်သည် ကုမ္ပဏီ သို့မဟုတ် ကော်ပိုရိတ်လုပ်ငန်းကြီးများ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုမည့် အကြီးစား Brand Identity များ (ဥပမာ - လမ်းဘေး Billboards ကြီးများ၊ ကုန်ပစ္စည်း Packaging အကြီးစားများ) အတွက် အကျုံးမဝင်ပါ။ ထိုကဲ့သို့ လုပ်ငန်းကြီးများအတွက် ကန့်သတ်ချက်မဲ့ အသုံးပြုနိုင်သော Commercial License ကိုဝယ်ယူရန် လိုအပ်ပါသည်။

Commercial

Commercial License သည် ကုမ္ပဏီကြီးများ၊ အဆင့်မြင့်အမှတ်တံဆိပ် (Enterprise / Corporate) များ၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသုံးပြုမည့် အကြီးစား လုပ်ငန်းသုံး Branding များနှင့် ကြော်ငြာလုပ်ငန်းများအတွက် အကန့်သတ်မရှိ အသုံးပြုနိုင်ပါသည်။

ဤလိုင်စင်တွင် အသုံးပြုနိုင်သည်များ
Corporate Brand Identity ကုမ္ပဏီကြီးများ၏ မီဒီယာချန်နယ်များနှင့် ကြော်ငြာကဏ္ဍအားလုံးမှာ စည်းစနစ်ကျပြီး ခိုင်မာတဲ့ Brand Identity တစ်ခုဖြစ်ဖို့ စိတ်ချလက်ချ အသုံးပြုနိုင်သည်။
Signage & Billboards အဆောက်အအုံတွင်း ဆိုင်းဘုတ်များသာမက လမ်းမကြီးများပေါ်ရှိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြသသော အကြီးစား Outdoor Billboard ကြော်ငြာဘုတ်ကြီးများအထိ/တွင်လည်း သုံးနိုင်သည်။
Product Packaging ဈေးကွက်အတွင်း အမြောက်အမြား ဖြန့်ချိမည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၏ Packaging ဘူးခွံများနှင့် တံဆိပ်ကပ်နှိပ်မှုများတွင် အသုံးပြုနိုင်ပါသည်။
Merchandise လုပ်ငန်းများအတွက် တီရှပ်၊ အင်္ကျီ၊ ခွက် သို့မဟုတ် အမှတ်တရပစ္စည်းများပေါ်တွင် ရိုက်နှိပ်ရောင်းချမည့် ကုန်ထုတ်လုပ်မှု ဒီဇိုင်းများအတွက် အသုံးပြုနိုင်ပါသည်။
Commercial Videos & Ads ရုပ်သံလိုင်းများ (TV Commercials)၊ ရုပ်ရှင်ရုံကြီးများ (Cinema Ads) နှင့် အဓိက မီဒီယာကြီးများပေါ်တွင် ပြသမည့် လုပ်ငန်းသုံး ကြော်ငြာဗီဒီယိုများတွင် သုံးနိုင်သည်။
PDFs & Corporate Reports ကုမ္ပဏီကြီးများ၏ တရားဝင် Company Profile များ၊ နှစ်ချုပ်အစီရင်ခံစာ (Annual Reports) များနှင့် လုပ်ငန်းသုံး Digital Document များတွင် သုံးနိုင်သည်။
All Freelance Cases Personal License တွင် ခွင့်ပြုထားသော လုပ်ပိုင်ခွင့်များအားလုံးကို လုပ်ငန်းပမာဏ ကန့်သတ်ချက်မရှိဘဲ အပြည့်အဝ အသုံးပြုနိုင်သည်။
⚠️ သတိပြုရန် - ဤ Commercial License သည် မိမိဝယ်ယူထားသော လုပ်ငန်း (၁)ခု အတွက်သာ အသုံးပြုခွင့်ရှိမည်ဖြစ်ပါသည်။ မိမိတို့၏ လုပ်ငန်းခွဲများ၊ Company ခွဲများအတွက် အကျုံးမဝင်ပါ။

Digital Embedding

Digital Embedding License သည် Font ဖိုင်ကို ဝက်ဘ်ဆိုက်များ၊ မိုဘိုင်းအက်ပလီကေးရှင်းများနှင့် ဂိမ်းများ၏ ဆော့ဖ်ဝဲလ်ကုဒ် (Software Code) အတွင်းသို့ တိုက်ရိုက်ထည့်သွင်းမြှုပ်နှံ၍ Dynamic Text အနေဖြင့် ပြသအသုံးပြုမည့် လုပ်ငန်းများအတွက် ရည်ရွယ်ပါသည်။

ဤလိုင်စင်တွင် အသုံးပြုနိုင်သည်များ
Digital Embedding (Web, Apps & Games) ဝဘ်ဆိုက်များတွင် Web Font (@font-face) အဖြစ် ကုဒ်အတွင်း ထည့်သွင်းကာ စာပိုဒ်များနှင့် ခေါင်းစဉ်များကို စာသား (Text Format) အတိုင်း ဖတ်ရှုနိုင်ရန် ပြသခြင်း။ Android / iOS မိုဘိုင်းအက်ပလီကေးရှင်း (Mobile Apps) များ၏ Application Package ဖိုင်အတွင်း ထည့်သွင်းမြှုပ်နှံ၍ အသုံးပြုခြင်း။ PC, Mobile သို့မဟုတ် Web Game များ၏ Application ကုဒ်အတွင်း Font ဖိုင်ကို ထည့်သွင်းတည်ဆောက် (Build) ခြင်း။
⚠️ သတိပြုရန် - ဤ Digital Embedding License သည် လုပ်ငန်း (၁)ခု အတွက်သာ အသုံးပြုခွင့်ရှိပါသည်။ ဝယ်ယူသူအနေဖြင့် မိမိ၏ Website, Mobile App (သို့မဟုတ်) Desktop Software များထဲမှ သတ်မှတ်ထားသော domain name တစ်ခုတည်းတွင်သာ ထည့်သွင်းအသုံးပြုခွင့် ရှိမည်ဖြစ်ပါသည်။ ⚠️ သတိပြုရန် - အသုံးပြုသူ (End-user) က ၎င်း Font ကို သုံးပြီး စာသားများ ကိုယ်တိုင်ရိုက်နှိပ် ပြင်ဆင်နိုင်သော စနစ်မျိုး ( ဥပမာ - Photo Editor App, Canva ကဲ့သို့သော အွန်လိုင်း Tool များ ) တွင် ထည့်သွင်းဖြန့်ချီခြင်းကို လုံးဝ ခွင့်မပြုပါ။

Book Publishing

စာအုပ် ထုတ်ဝေခြင်းလိုင်စင်သည် မည်သည့်စာအုပ်ထုတ်ဝေခြင်းတွင်မဆို အသုံးပြုနိုင်ပါသည်။

ဤလိုင်စင်တွင် အသုံးပြုနိုင်သည်များ
Book Publishing စာအုပ်ထုတ်ဝေခြင်းလိုင်စင်သည် ဖောင့်ကိုအသုံးပြုသော စာအုပ်ထုတ်ဝေသူများအတွက်သာမက မည်သည့်မီဒီယာတွင်မဆို ဖောင့်ကိုအသုံးပြု၍ ဤစာအုပ်များကို အရောင်းမြှင့်တင်ရန်အတွက်ပါ အသုံးပြုနိုင်ပါသည်။ စာအုပ်ထုတ်ဝေခြင်းဆိုရာ၌ Magazine ကဲ့သို့သော စာအုပ်တစ်အုပ်လုံးတွင် ရှိသောစာများအား ဖတ်ရှုရန်အတွက် Body Text အဖြစ် ဖော်ပြထားခြင်းကို ဆိုလိုပါသည်။
⚠️ သတိပြုရန် - Magazine များတွင် Title အနေနှင့် ဖော်ပြသော စာလုံးများ၊ မျက်နှာဖုံး Title စာလုံးများ၊ Flyer သို့မဟုတ် Brochure ကဲ့သို့သော Printing များအတွက် Book Publishing License ဝယ်ယူရန်မလိုအပ်ပါ။ သက်ဆိုင်ရာ Personal သို့မဟုတ် Commercial License ကိုသာ ဝယ်ယူရန် လိုအပ်ပါသည်။