မြန်မာယူနီကုတ်ဖောင့်တွေ ဖန်တီးရတာထက် ပြဿနာတက်တာတွေကို လေ့လာနေရတာက ပိုများပါတယ်။ Latin တွေအတွက်တော့ ဘယ်မှာဖြစ်ဖြစ် သိသာတဲ့ပြောင်းလဲမှုသိပ်မရှိပေမယ့် non-Latin တွေအတွက်တော့ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းပါပဲ။ ဘယ်လောက်တောင် အမျိုးမျိုးဖြစ်သလဲဆိုရင် Windows မှာတမျိုး၊ Mac မှာတမျိုး၊ App တွေမှာတမျိုး၊ နောက် Software တခုတည်းမှာတောင် မတူတာတွေအများကြီးပါပဲ။ Ms Word ချင်းတူတာတောင် Windows မှာတမျိုး၊ Mac မှာတမျိုးပါ၊ Adobe လို Software တွေမှာလဲ Illustrator မှာတမျိုး၊ InDesign မှာတမျိုး စသဖြင့် မတူပါဘူး။ အဲ့တော့ အားလုံးမှာ လုံးဝအဆင်ပြေနေအောင် လုပ်ဖို့ဆိုတာ ထင်သလောက်တော့ မရိုးရှင်းတဲ့ကိစ္စပါပဲ။
ဖောင့်များနှင့် ပတ်သက်၍ အသေးစိတ်လိုင်စင်ရယူခြင်း သို့မဟုတ် သီးသန့်အသုံးပြုရန်အတွက် တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။